How To Buy
  • Prepaid Cards များကို ၀ယ်ယူရန် www.prepaidcard.com.mm ကိုသွားပါ။

  • လူကြီးမင်းဝယ်ယူလိုသော ကဒ်အမျိုးအစားတွင် Add to Cart ကိုနှိပ်ပါ။



  • အောက်ဖော်ပြပါ Page တွင် လူကြီးမင်း၏ Information များကိုဖြည့်ပြီး Checkout လုပ်ရန် Next ကိုနှိပ်ပါ။
      (Information ဖြည့်ရာတွင် လူကြီးမင်း၏ MyanPay Account တွင်သုံးထားသော Email ကိုသာပြန်လည်အသုံးပြုလိုပါက "I Want to use MyanPay Email Address" အားအမှန်ခြစ်ပေးရပါမည်။)
    - ၀ယ်ယူထားသောကဒ်၏ အရေအတွက်ကို ပြင်လိုလျှင် Quantity အောက်ရှိ Text Box ထဲတွင် ၀ယ်ယူထားသောကဒ်အရေအတွက်ကိုပြင်ကာ Update ကိုနှိပ်ပေးရပါမည်။
    - ၀ယ်ယူထားသောကဒ်အား ပြန်ဖျက်ချင်ပါက Delete ကို နှိပ်၍ပြန်ဖျက်နိုင်ပါသည်။
    - အခြားအမျိုးအစားမတူညီသော ကဒ်ကိုထပ်မံဝယ်ယူလိုပါက Home ကိုနှိပ်ကာ အမှတ်စဉ်(၂) အတိုင်း လူကြီးမင်း၏ Cart ထဲသို့ထည့်ပေးရပါမည်။




  • လူကြီးမင်း၏ MyanPay Account Email Address အားမသုံးပြုပဲ အခြား Email Address အားဖြည့်ခဲ့ပါက လူကြီးမင်းဖြည့်ခဲ့သည့် Email Address အား Mail ပို့ပေးမှာဖြစ်ပါတယ်။
    ၎င်း Email တွင်ပါဝင်သော Code Number အား Text Box တွင်ဖြည့်ကာ Check ကိုနှိပ်၍ Code Number မှန်မမှန်စစ်ဆေးပေးရပါမည်။




  • လူကြီးမင်းဖြည့်လိုက်သော Code Number မှန်ကန်ပါက Agree Terms and Policies ကို အမှန်ခြစ်ပြီး Checkout ကိုနှိပ်ကာ ငွေပေးချေနိုင်မှာဖြစ်ပါတယ်။




  • ထိုနောက် MyanPay page တွင်လူကြီးမင်း၏ MyanPay Account အားဖွင့်ကာငွေပေးချေပေးရပါမည်။




  • MyanPay Account အား LogIn ၀င်ပြီးပါက လူကြီးမင်း၏ Information အားမှန်၊ မမှန်စစ်ဆေးကာ Continue ကိုနှိပ်ပေးရပါမည်။




  • ထိုနောက် လူကြီးမင်း၏ MyanPay Account Informationများ (MyanPay Account Email,MyanPayAccount Username,)၊ အားမှန်၊ မမှန်စစ်ဆေးပေးပြီး Pay ကိုနှိပ်ကာငွေပေးချေရပါမည်။
    လူကြီးမင်းဝယ်ယူသည့်ကဒ်အတွက် ငွေပေးချေမှု ပြီးစီးပါက Successful Page သို့ရောက်ရှိမှာဖြစ်ပါတယ်။
    (လူကြီးမင်းဝယ်ယူသည့်ကဒ်၏ Pin Code,Expire Date နှင့် ငွေပေးချေမှုအသေးစိတ်ကို လူကြီးမင်း အသုံးပြုခဲ့သည့် Email သို့ပေးပို့ပေးမှာဖြစ်ပါတယ်။)