FAQs (Frequently Asked Questions)

Prepaidcard.com.mm သည် မြန်မာနိုင်ငံ နှင့် နိုင်ငံတကာတွင် အသုံးပြုလျက်ရှိသော ကြိုတင်ငွေပေးကဒ်၊ ငွေဖြည့်ကဒ်များကို Online မှတဆင့် ရောင်းချပေးသော Website ဖြစ်ပါသည်။
Prepaidcard.com.mm သည် online shopping website များကဲ့သို့သော website တစ်ခုဖြစ်ပါသည်။ သို့သော် ကြိုတင်ငွေပေးကဒ်၊ ကြိုတင်ငွေဖြည့်ကဒ်များ ကိုသာ သီးသန့်ရောင်းချပေးပါသည်။

ယခုလက်ရှိတွင် Prepaidcard.com.mm တွင် မြန်မာနိုင်ငံတွင် အသုံးများသော (GSM/CDMA) ဖုန်းငွေဖြည့်ကဒ်များ၊ ဝန်ဆောင်မှုများအတွက် ကြိုတင်ငွေပေးကဒ်များ၊ နိုင်ငံတကာတွင် အသုံးပြုများသော iTunes Gift Card များအား ရရှိနိုင်ပါသည်။
How to buy iTunes cards and others?

ဆက်လက်၍ အခြားသော Prepaid Card များအား တိုးချဲ့ဝန်ဆောင်မှုပေးနိုင်ရန် ကြိုးစားလျက်ရှိပါသည်။

Online မှတဆင့် Prepaid Card များ ဝယ်ယူရာတွင် prepaidcard.com.mm website ၌ Create New Account ပြုလုပ်ရန်မလိုအပ်ဘဲ လွတ်လပ်စွာ ဝယ်ယူနိုင်ပါသည်။
Prepaidcard.com.mm တွင် ရောင်းချသော ကဒ်များ အားလုံးအား မြန်မာကျပ်ငွေ (Kyats) ဖြင့်သာ ရောင်းချပါသည်။
Prepaidcard.com.mm တွင် မြန်မာကျပ်ငွေဖြင့် Online မှတဆင့် ငွေပေးချေခြင်းအတွက် MyanPay Online Payment စနစ်အား အသုံးပြုထားပါသည်။
MyanPay Online Payment စနစ်နှင့် ပတ်သတ်သော အချက်အလက်များအား ဤနေရာ တွင် လေ့လာကြည့်ရှုနိုင်ပါသည်။
  • (၁) ဝယ်ယူသော Prepaid Card အချက်အလက်အား ရယူရန်အတွက် အသုံးပြုသူ၏ ကိုယ်ပိုင် Email Account တစ်ခုရှိရန် လိုအပ်ပါသည်။
        (Email Account မရှိပါက မိမိကြိုက်နှစ်သက်ရာ Email Service Provider တွင် ဖွင့်လှစ်နိုင်ပါသည်။ Example .. gmail, yahoo mail, outlook mail, ...)
  • (၂) Prepaidcard.com.mm Website တွင် ငွေပေးချေရန်အတွက် MyanPay Account တစ်ခု ရှိရန် လိုအပ်ပါသည်။
        (MyanPay Account မရှိပါက www.myanpay.com.mm website တွင် အခမဲ့ ဖွင့်လှစ်နိုင်ပါသည်။)
Prepaidcard.com.mm website တွင် Email Account နှင့် MyanPay Account ရှိသူ မည်သူမဆို Prepaid Card များအား လွတ်လပ်စွာ ဝယ်ယူနိုင်ပါသည်။
Prepaid Card တစ်ခု ဝယ်ယူပုံ အဆင့်ဆင့်အား ဤနေရာတွင် လေ့လာကြည့်ရှုနိုင်ပါသည်။
Prepaidcard.com.mm သည် အွန်လိုင်းဝန်ဆောင်မှုဖြစ်သောကြောင့်
  • (၁) ဆိုင်ခန်းငှားရမ်းခများ၊ ဝန်ထမ်းစရိတ်များ၊ စသည့် အခြားအပိုကုန်ကျစရိတ်များအား လျော့ချနိုင်ခြင်း။
  • (၂) Prepaid Card များအား ဝန်ဆောင်မှုပေးသူ၊ စီစဉ်သူများထံမှ တိုက်ရိုက်ရောင်းချပေးခြင်း။
  • (၃) အွန်လိုင်းမှ ဝယ်ယူသူများအား စိတ်ကျေနပ်မှု နှင့် ဝန်ဆောင်မှု အပြည့်အဝ ပေးလိုခြင်း။
တို့ကြောင့် အပြင်ဈေးနှုန်းထက်သက်သာစွာ စီစဉ်ထားနိုင်ခြင်း ဖြစ်ပါသည်။
လူကြီးမင်းအနေဖြင့် Prepaid Card ဝယ်ယူပြီးနောက်တွင် ထို Prepaid Card ၏ အချက်အလက်များကို Email ဖြင့် ချက်ချင်း ရရှိပါလိမ့်မည်။
သက်ဆိုင်ရာ Prepaid Card များအား ၎င်း ကြိုတင်ငွေပေးကဒ်၊ ငွေဖြည့်ကဒ်များအား ထုတ်ဝေသော ဝန်ဆောင်မှု လုပ်ငန်းစဉ်များတွင် အသုံးပြု၍ ရပါသည်။

(ဥပမာ.. GSM/CDMA ဖုန်းငွေဖြည့်ကဒ်များအား သက်ဆိုင်ရာ ဖုန်းအမျိုးအစားအလိုက် Top-up လုပ်ခြင်း လုပ်ငန်းစဉ်တွင် အသုံးပြုနိုင်ပါသည်။ Apple iTune Gift Card များအား Apple Online Store တွင် အသုံးပြုနိုင်ပါသည်။)

Prepaidcard.com.mm website တွင် ဝယ်ယူနိုင်သည့် အကြိမ်ရေ ကန့်သတ်ထားခြင်း မရှိပါ။ Prepaid Card များအား Email Account တစ်ခုမှ အကြိမ်ကြိမ် ဝယ်ယူနိုင်ပါသည်။
Prepaidcard.com.mm website တွင် Prepaid Card ဝယ်ယူသူများအတွက် မည်သည့် အပိုဆောင်း ဝန်ဆောင်စရိတ်ကိုမျှ ပေးရန်မလိုအပ်ပါ။
Prepaidcard.com.mm website တွင် Prepaid Card တစ်ကဒ်အား ဝယ်ယူပြီးနောက် Prepaid Card ၏ အချက်အလက်များကို မရရှိပါက -

Step 1.    လူကြီးမင်း၏ Online Payment အား ပြီးစီးခြင်း ရှိမရှိ သေချာစွာ စစ်ဆေးပေးပါ။ လူကြီးမင်း၏ MyanPay Account ထဲသို့ ဝင်ရောက်စစ်ဆေးနိုင်ပါသည်။Online Payment အောင်မြင်စွာ မပြီးစီးပါ က     လူကြီးမင်းထံသို့ Prepaid Card အချက်အလက်များ ပါဝင်သော Email ရောက်ရှိလာမည် မဟုတ်ပါ။

Step 2.    Online Payment အောင်မြင်စွာ ပြီးစီးပါက လူကြီးမင်း၏ Email Account အား Prepaid Card အချက်အလက်များ ပါဝင်သော Email ရောက်မရောက် သေချာစွာ ထပ်မံ စစ်ဆေးပေးပါ။လိုအပ်ပါက လူကြီမင်း Email အတွင်းရှိ 'Spam' Folder အား စစ်ဆေးပေးပါ။ တစ်ခါတစ်ရံ Email သည် ထိုအထဲသို့ ရောက်ရှိသွားတတ်ပါသည်။

Step 3.    Step 3. Online Payment အောင်မြင်စွာ ပြီးစီးပြီး လူကြီးမင်း၏ Email Account အတွင်းသို့ Prepaid Card ၏ အချက်အလက်များ ပါဝင်သော Email မရရှိသေးပါက ဖုန်း 01511442 (သို့မဟုတ်) [email protected] သို့ ဆက်သွယ်အကြောင်းကြား၍ လူကြီးမင်း ဝယ်ယူသည့် နေ့စွဲ၊ Prepaid Card အမျိုးအစား၊ လူကြီးမင်း၏ Email လိပ်စာ၊ MyanPay Online Payment ၏ Transaction ID များအား သေချာစွာ ပြောကြားပေးပါ။ ကျွန်ုပ်တို့မှ သေချာစွာ စစ်ဆေးပြီး Email ထပ်မံပေးပို့ပေးပါမည်။

Prepaidcard.com.mm website တွင် Prepaid Card များ၏ မှန်ကန်သော အချက်အလက်များအား ရိုးသားစွာ ထည့်သွင်း သိမ်းဆည်းထားပါသည်။Prepaid Card များ၏ အချက်အလက်များကိုလည်း မလိုလားအပ်သော မသမာမှုများမှ ရယူနိုင်ခြင်း မရှိစေရန် Data Encrypt များ ပြုလုပ်၍ လုံခြုံစွာ သိမ်းဆည်းထားပါသည်။လူကြီးမင်းတို့ထံ ပေးပို့သော Prepaid Card အချက်အလက်များသည် မှန်ကန်သော၊ တိကျသော၊ လုံခြုံသော၊ ကဒ်အသစ်ဖြစ်သော Prepaid Card များသာ ဖြစ်ပါသည် ။ထိုအချက်အလက်များအား သေချာမှု ရှိစေရန် ကျွနု်ပ်တို့ ပေးပို့လိုက်သော Email တွင် လူကြီးမင်းတို့၏ Prepaid Card အား Scan ဖတ်၍ တစ်ပါတည်း ပေးပို့ပေးထားပါသည်။
လူကြီးမင်းတို့ အနေဖြင့် Prepaid Card အား သက်ဆိုင်ရာ ကဒ်အသုံးပြုနည်းလမ်းညွှန် မှာကြားချက်များအတိုင်း သေချာစွာ ပြန်လည် စစ်ဆေး၍ လုပ်ဆောင်ပေးပါ။
အောင်မြင်မှု မရှိသေးပါက သက်ဆိုင်ရာ Prepaid Card အား စီစဉ်ပေးသူထံသို့ ဆက်သွယ်၍ မိမိကဒ်၏ အချက်အလက်များအား ပြောကြား၍ အကူအညီတောင်းခံပါ။
လိုအပ်ပါက ကျွန်တော်များ၏ Prepaidcard.com.mm သို့ ဆက်သွယ်ပေးပါ။ လူကြီးမင်းတို့ အဆင်ပြေစေရန်အတွက် အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးပါမည်။
အကယ်၍ အငြင်းပွားမှု တစ်စုံတရာ ဖြစ်ပွားပါက Prepaidcard.com.mm ၏ ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်ပါသည်။
Prepaidcard.com.mm သည် သံသယဖြစ်ဖွယ်ကောင်းသော၊ မယုံကြည်ရသောသူများ၊ အငြင်းပွားမှုများ မကြာခဏရှိသောသူများအား မှတ်တမ်းတင် ထားရှိပါသည်။
ထိုသူများထံမှ MyanPay Online Payment မှတဆင့် ငွေကြေးလက်ခံရယူ၍ ဝန်ဆောင်မှုပေးခြင်းများအား Prepaidcard.com.mm မှ ယာယီအားဖြင့် ခေတ္တရပ်ဆိုင်းထားနိုင်ပါသည်။
ထိုကဲ့သို့သော အခြေအနေမျိုးတွင် ထိုသူများမှ Prepaidcard.com.mm ၏ ဝန်ဆောင်မှုများအား ရယူနိုင်လိမ့်မည် မဟုတ်ပါ။
Prepaidcard.com.mm website အား Shwe Aung Thitsar Co., Ltd မှ စီမံခန့်ခွဲ ဆောင်ရွက်ပါသည်။
Prepaidcard.com.mm website နှင့် ပတ်သက်၍ Update-to-Date သတင်းများကို http://www.facebook.com/prepaidcard.com.mm အား Like လုပ်ထားခြင်းဖြင့် သိရှိနိုင်ပါသည်။
Prepaidcard.com.mm website ၏ Customer Service Team အား ဆက်သွယ်နိုင်သည့် အချက်အလက်များအား ဤနေရာတွင် Click နှိပ်၍ ကြည့်ရှုနိုင်ပါသည်။